စိစစ်ကြပ်မတ်ခြင်း
စာမေးပွဲဖြင့် သင်ခန်းစာသင်ယူခြင်းကို အဆုံးသတ်ကြပါတယ်။ စာမေးပွဲပုံစံများကို လေ့လာကြမှာဖြစ်ပြီး စာမေးပွဲနဲ့ပတ်သတ်တဲ့ ထင်မြင်ချက်အယူအဆအမှား အမှတ်မှားတာတွေကိုလဲ စစ်ဆေးကြမှာဖြစ်ပါတယ်။
ဦးစွာ မေးခွန်းလှည့်တယ်ဆိုတဲ့ စကားက အများသုံးနေကြတဲ့ စကားလုံးလေးပါ။ မေးခွန်းတွေ တစ်နှစ်ထက် တနှစ်မထပ်ဖို့ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့် မေးခွန်းမလှည့်တာတွေ့ရင် ပြောပြပေးပါ။ မေးခွန်းမလှည့်ရင် မေးခွန်းတွေ ထပ်နေမှာပေါ့။ မေးခွန်းလှည့်ရာမှာ စာသားလဲခြင်း၊ ပုံစံနဲ့ အမှတ်ပမာဏလဲခြင်း၊ အကြောင်းအရာလဲခြင်း၊ လုပ်ငန်းပုံစံလဲခြင်းတွေမှာ စာသားလဲခြင်းက အလွယ်ဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းလှည့်ကို လှည့်ရပါမယ်။ ဘာကြောင့်မေးခွန်းလှည့်တာကို မဖြေနိုင်တာလဲဆိုတော့ ဒါကျက် ဒါမေး ဒါဖြေကြောင့်ပဲဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှု့အားနည်းနေလို့ဖြစ်ရတာပါ။ သင်ကြားပို့ချသူ (သို့) ပို့ချသော စနစ်မှားယွင်းနေတာကြောင့်ဖြစ်ရတာပါ။ ကြပ်မတ်စိစစ်ခြင်းမှားယွင်းတာ မဟုတ်ဘဲ သင်ကြားပို့ချတဲ့ ဆောင်ရွက်တဲ့ပုံစံမှားယွင်းနေတာဖြစ်ပါတယ်။
အဲဒီမှာ ဖြစ်ပွားရခြင်းအကြောင်းအရင်းထဲမှာ ကြပ်မတ်စိစစ်ခြင်းကို မှန်မှန်ကန်ကန်အသုံးမပြုပဲ အသုံးချထားတာကြောင့်ဖြစ်နိုင်ပါတယ်။
မေးခွန်းလိုက်တယ်။
မေးခွန်းချသင်တယ်။
မေးခွန်းပေါက်တယ်။ သိက္ခာရှိတဲ့ ကိုယ်ကျင့်တရားကို မြတ်နိုးတန်ဖိုးထားသူတွေအတွက် ဒီလိုဖြစ်ပွားမှာကို အကြောက်ဆုံးဖြစ်ပေမဲ့ ရိက္ခာနဲ့လဲမဲ့သူတွေအတွက် ဂွင်တစ်ခုပါပဲ။ စားပေါက်တစ်ခုပါပဲ။ မူဝါဒကြောင့် အောင့်သီးအောင့်သက်နဲ့လုပ်ခဲ့ရလို့ အသားကျနေလို့ ဆိုတာတွေကိုတော့ ကျော်ဖြတ်ဖို့အားယူ အချိန်ယူကြရမယ်ထင်ပါတယ်။
စာမေးပွဲစိစစ်တဲ့အဖွဲ့တွေအနေနဲ့နှစ်မျိုး နှစ်စားရှိပါတယ်။ အကြမ်းအားဖြင့် အသိများတာကတော့ ၁။ ကျောင်းစစ် ၂။ အစိုးရစစ်တို့ပဲဖြစ်ပါတယ်။
ဒီစနစ်နှစ်ခုအနက် သင်ကြားသူကိုယ်တိုင်မေးခွန်းထုတ်ရတဲ့အခါ (သို့) သင်ကြားသူနဲ့မေးခွန်းထုတ်တဲ့သူတွေ အကြားနားလည်မှုရသွားတဲ့အခါ အရည်အသွေးထက် လူကိုဦးစားပေးတဲ့ အခြေအနေဖန်တီးပေးလိုက်ရတဲ့ အခြေအနေတွေက များလာတဲ့အခါ
ကျောင်းစစ်က လွယ်တယ်။ အစိုးရစစ်က ခက်တယ်။ အကြောင်းက ကိုယ့်ကျောင်းသားအတွက် ကိုယ်တိုင်မေးခွန်းထုတ်တာပါ။ လျော့လျော့ပေါ့ပေါ့နဲ့ မေးလို့ ရတယ်။ အစိုးရစစ်အနေနဲ့ တစ်ကျောင်း၊ တဂါထာအဖြစ်ဖို့ဆိုတာထက် တပြေးညီ မလျော့မပေါ့ တိတိကျကျမေးခွန်းထုတ်ရတာပါ။ ဒါကြောင့် အစိုးရစစ်က ကျောင်းစစ်ထက်ပိုမိုကောင်းမွန်ပြီး အာမခံချက်တွေပါ။
နောက်တစ်ခုက ဘီစီစစ်။ တကယ်တော့ ဘီစီစစ်တယ်ဆိုတာထက် ဘီစီက ခန်းမစောင့်တာပါ။
အခန်းစောင့်တယ်ဆိုလို့ ကိုယ်တိုင်စောင့်တာရယ် အပြင်က ခေါ်ပြီးစောင့်တာရယ်။
အကြောင်းကတော့ မေးခွန်းထုတ်တာ၊ အမှတ်ခြစ်တာ၊ အောင်စာရင်းအတွက် ပြုစုတာတွေကို တခြားအဖွဲ့အစည်းတွေ ဆောင်ရွက်တာပါ။ ဘီစီက အရည်အသွေးကို အာမခံတာမဟုတ်ပါဘူး။ စာမေးပွဲဖြေဆိုရာမှာ အစဉ်ပြေအောင် စီစဉ်ဆောင်ရွက်ပေးတာပါ။
တက္ကသိုလ်က စစ်ဆေးခြင်းနဲ့ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေက မေးခွန်းတွေထုတ်တာဆိုပြီး နှစ်မျိုးထပ်ခွဲနိုင်ပါတယ်။
တက္ကသိုလ်ဘုတ်အဖွဲ့က
ပညာရေးဆိုင်ရာအဖွဲ့အစည်းအတွက် ကြပ်မတ်တဲ့အဖွဲ့အစည်းတွေ သတ်မှတ်ချက်တွေကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။
ကျောင်းတွင်း စိစစ်သူနဲ့ ကျောင်းက ခန့်တာမဟုတ်တဲ့ ပြင်ပက ရွေးချယ်ထားတဲ့
အကုန်မစိစစ်နိုင်တဲ့အတွက် ရွေးကောက်တဲ့အခါ ဘယ်လိုရွေးကြသလဲဆိုတာက
စာမေးပွဲ နတ်ကြီးတယ်ဆိုတာက ကိုယ်စောင့်နတ်က ငယ်ပြီး အားမရှိလို့ဖြစ်ပါတယ်။ တကယ်လို့သာ ကိုယ်စောင့်နတ်တွေ အားကြီး သန်မာနေအောင် ဆောင်ရွက်နိုင်ရင် စာမေးပွဲစောင့်နတ်ကို နိုင်မှာသေချာပါတယ်။ နောက်ထပ်စာသားလေးက နတ်တင်မှ နင်တက်မယ်။ နတ်မတင်ရင် အစဉ်မပြေနိုင်ပါဘူး။
စာမေးပွဲလို့ဆိုရင် စာမေးပွဲစိစစ်တဲ့အဖွဲ့၊ စာမေးပွဲအမျိုးအစား၊ မေးခွန်းအမျိုးအစား၊ မေးခွန်းစာသားအမျိုးအစားများကို လေ့လာကြရအောင်ပါ။ ပထမဆုံးအနေနဲ့
မေးခွန်းကြိုပို့ပေးထားလို့ မေးခွန်းပေါက်တာ။
မေးခွန်းပုံစံ
မဖြေမနေရနဲ့ ရွေးချယ်လို့ရတဲ့ မေးခွန်းတွေ
တစ်မှတ်တန်မေးခွန်း
လေးမှတ်တန်မေးခွန်း
စသည်ဖြင့် အမှတ်တွေနဲ့ အကြမ်းအားဖြင့် ခွဲခြားတက်ကြပါတယ်။
မေးခွန်းအမျိုးအစား
Type of Tests
1) Objective test (True or False) ဓမ္မဒိဌာန်
2) Multiple choice test (Multiple-choice question) မှန်တာရွေးပါ။
3) Matching test တူရာရွေးေးပါ။
4) Fill in the blank ကွက်လပ်ဖြည့်ပါ။
5) Open book စာအုပ်ယူခွင့်ရတဲ့ မေးခွန်း
6) Essay test (Short-answer question) အက်ဆေးပုံစံမေးခွန်း
7) Assignment စာတမ်းပြုစုခြင်း
8) Dissertation or Project ပရောဂျက် သို့ စာတမ်းတို
9) Case Study
အသုံးများတဲ့ မေးခွန်းအမျိုးအစားများက
ဓမ္မဒိဌာန်၊ အက်ဆေးပုံစံမေးခွန်းတွေမှာ ( မေးခွန်းတိုနဲ မေးခွန်းရှည်)၊ ကေ့(စ) နဲ့ စာအုပ်ယူလို့ရတဲ့ မေးခွန်းပုံစံတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ဓမ္မဒိဌာန်ရဲ့ အဓိပ္ပါယ် Objective type ဟာ Subjective type သို့ ပုဂ္ဂလဒိဌာန်မဟုတ်ပါဘူး။ နံကြားထောက်ဖြေဆိုနေတာတွေ့နေရတော့ ရည်ရွယ်ချက်နဲ့ လက်တွေ့ ဆောင်ရွက်နေတာလွဲမှားနေပါတယ်။
စာတမ်းပြုစုခိုင်းတာကလည်း ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ပြီး နားလည်သဘောပေါက်စေချင်တာပါ။ ကိုယ်တိုင်ပြုစုတာ မဟုတ်ဘဲ ကူးချခြင်း။ ရေးခိုင်းခြင်းကလည်း ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကနေ သွေဖယ်သွားနေပါတယ်။
GMAT ကတော့ ဒီပလိုမာ၊ ဒီဂရီပေးဖို့မဟုတ်ပဲ ဆုံးဖြတ်ချက်မှန်၊ မမှန်နဲ့ တွေးခေါ်စဉ်းစားဥာဏ်ကိုသာ စိစစ်ခြင်းဖြစ်ပါတယ်။ နံကြားထောက်တဲ့သူတွေအတွက် အမှတ်ပေးစဉ်းမျဉ်းနဲ့ ထိန်းညှိထားပါတယ်။ မှန်ရင် တစ်မှတ်ပေးမယ်။ မှားရင်တစ်မှတ်လျော့မယ်။ ဥာဏ်ကြီးရှင်မဟုတ်ဘဲ ဥုံဖွတွေအတွက် အမှန်အကုန်ခြစ်၊ အမှားအကုန်ခြစ်၊ ကံကောင်းရင် လေးဆယ်တင်ရင်အောင်ပြီ။ ဒါကကြပ်မတ်တဲ့ ပုံစံမှားနေတာပါ။ GMAT အတိုင်းသာ အမှတ်ပေးရရင်… အကုန်…
ဓမ္မဓိဌာန်နဲ့ မေးခွန်းတိုတွေက ကွာခြားပါတယ်။ မေးခွန်းတိုနဲ့ မေးခွန်းရှည်ကွာခြားပါတယ်။
မေးခွန်းရှည်နဲ့ စာအုပ်ယူဖြေလို့ရတာတွေက ရည်ရွယ်ချက်တွေ မတူပါဘူး။
မေးခွန်းစာသား။
မေးခွန်းဖြေဆိုရာမှာ ဖြေချင်တာဖြေရမှာထက် မေးတာသာဖြေရမှာ။
ဖြေဆိုနိုင်ဖို့ မေးခွန်းနားလည်မှ ဖြစ်ပါတယ်။
သဗ္ဗေသတ္တာ၊ ကံမ္မသကာ
No comments:
Post a Comment