ဖွဲ့စည်းပုံတွေ၊ မဟာဗျူတွေလည်းပြောင်းရမယ်။ အရေးကြီးတာတချက်က ဓလေ့တွေ၊ အကျင့်တွေ၊ အပြောင်း အလဲလို့ပြောတိုင်း မဟာဗျူဟာတွေ၊ လုပ်ငန်းဖွဲ့စည်းပုံတွေကို ပြေးပြေးမြင်တက်ကြတယ်။ ပြီးတော့ မဟာဗျူဟာကို အရင်ကိုင်တွယ်ရမယ်။ ဖွဲ့စည်းပုံကို အရင်ဦးစားပေးရမယ်ဆိုပြီး ငြင်းတက်ခုန်တက် စောဒကတက်ကြသေးတယ်။ First comes first. အရေးကြီးတာ အရင်ကိုင်တွယ်ရပါမယ်။ ဒါဖြင့် ဘယ်အရာက အရေးပိုကြီးပြီး အရင်ဆောင်ရွက်သင့်ပါသလဲ။ မဟာဗျူဟာက အရင်မဟုတ်သလို ဖွဲ့စည်းပုံကလည်း ပထမဦးစားပေး မဟုတ်ပါဘူး။ ဓလေ့စရိုက်တွေကို ဦးစွာ ပထမပြင်ကြရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ စကားလုံးယူသုံးချင်ပါတယ်။ေ စာက်ကျင့်တွေပြင်ကြရမယ်။ ဟုတ်ပါတယ်။ ကျနော်တို့ရဲ့ အကျင့်ဆိုးတွေ ခေါက်ရိုးကျိုးနေတာတွေ ပြင်ကြ ပြောင်းကြရပါမယ်။ ကျနော်တို့လိုအပ်တာ လူတစ်ဦး တစ်ယောက်မဟုတ်ပါဘူး။ စနစ်ကောင်းတစ်ခုပါ။ တစ်ခုတော့ရှိတယ်။ လူကောင်းတစ်ယောက် ဦးဆောင်ပြီး စနစ်ကောင်းတစ်ခုကို ဖန်တီးနိုင်ရင် ကျနော်တို့ နိုင်ငံဟာ ပတိရူပဒေသ ဝါသောစဖြစ်ပြီပဲ။ ဘာကြောင့် ဓလေ့စရိုက်တွေ အရေးကြီးလဲလို့မေးရင် ဓလေ့စရိုက်ဆိုတာ စွဲမြဲစွာခံယူစုပ်ကိုင်ထားကြတဲ့အရာ အောင်မြင်ခြင်း၊ ကျရှူံးခြင်းရဲ့ အခြေခံ အကျဆုံးအချက်ဖြစ်နေလို့ပါပဲ။
ဒါဆိုလက်ရှိဓလေ့စရိုက်တွေကို ဆန်းစစ်အကဲဖြတ်ဖို့ လိုပါပြီ။ Culture Audit လုပ်ကြမယ်။ မေးခွန်းလေးတွေမေးမယ်။ စာရွက်လေးတွေနဲ့ဖြည့်ခိုင်းမယ်။ ဥပမာအနေနဲ့ (၁) ဝယ်ယူသူကို ဘယ်လိုမြင်ပါသလဲ။ (၂) ပြိုင်ဖက်တွေကို ဘယ်လို မြင်ပါသလဲ။ (၃) ပြောင်းလဲတာကို ဘယ်လောက်အတိုင်းအတာ အထိလက်ခံပါသလဲ။ (၄) လုပ်ငန်းစွမ်းဆောင်ရည်တွေက ဘယ်လိုလဲ။ (၅) ဘယ်လို အုပ်ချုပ်တဲ့ပုံကို ကြိုက်လဲ။ စသည်ဖြင့် မေးခွန်းလေးတွေကို မေးကြည့်ပါ။ အများစုရဲ့ အဖြေဟာ ကိုယ်အဖွဲ့အစည်းရဲ့ စရိုက်ပဲ။ ဓလေ့ပါပဲ။ ဒါကိုကြည့်ရင် ဘာလုပ်သင့်လဲ အဖြေထွက်ပါပြီ။ အဖြေကို မှန်မှန်ကန်ဖြေဖို့တော့လိုပါမယ်။ ရလာတဲ့အဖြေကို မှန်မှန်ကန်ကန် အဓိပ္ဗယ်ဖေါ် ဘာသာပြန်ဖို့လည်းလိုပါမယ်။ စာမေးပွဲမှာ ဘဲဥမကွဲရင်တော့ အဖွဲ့အစည်း အိုးစားကွဲဖို့ကိန်း နီးနေပါပြီ။ ကျန်ာကတော့ အဖွဲ့လေးဖွဲ့ရတယ်။ နာမယ်လေးတွေပေးထားတယ်။ စီလေးလုံးပါ။ Clumsy, Compliance, Commitment နဲ့ Competitive Culture လို့ပေးထားပါတယ်။
ပထမအဖွဲ့ကို Clumsy Culture လို့ အမည်တပ်ပါမယ်။ အဆိုးဆုံး လက်မခံနိုင်တဲ့ စာမေးပွဲကျပါတယ်။ အဖွဲ့ဝင်တွေမှာ လုံလောက်တဲ့စွမ်းရည်မရှိကျဘူး။ မလုပ်တက် မကိုင်တက်တွေနဲ့ ပြည့်နေတဲ့ ဓလေ့လေးပါ။ အိုးနင်းခွက်နင်းနဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတစ်ခုမှာ တွေ့ရတဲ့ ဓလေ့ဆိုးတွေပါ။
ဒုတိယအဖွဲ့ရဲ့ ရလဒ်ကလည်း ဆိုးရွားတယ်။ ဒါပေမဲ့ အောင်တော့အောင်တယ်။ အောင်မှတ်ရရုံ ရတဲ့ ဓလေ့လေးပါ။ Compliance Culture အဖြစ်သမားတွေ။ ဖြစ်တယ်ဆိုရုံ လုပ်တယ်ဆိုရုံ မလုပ် မရှုတ်မပြုတ်သမားတွေ။ မလုပ်ဘူးလားဆိုတော့လည်းမဟုတ်ဘူး။ ဟုတ်လားဆိုတော့လည်းမဟုတ်ဘူး။ ဘောင်ဝင်ရုံလေး။ စည်းနဲ့ကိုက်တယ်ဆိုရုံလေး။ ဒီလိုအဖြစ်သမားတွေများနေရင် အဖွဲ့အစည်းက တလိမ့်ခြင်းစီ တဘီးချင်းဆီ လိမ့်ပြီး တလှမ်းခြင်းဆီ လှမ်းနေပါမယ်။ လွတ်လပ်ရေးမရခင်ကတည်းက ဗိုလ်ချုပ်က လေး၊ ငါးဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်ဆိုတော့ကာ။ ဒီလိုလူတွေကိုလည်းပြင်ရမယ်။ ကလမ်စီလောက်တော့မဟုတ်ဘူး။ သူက ဘောင်ထဲကနေတယ်။ ကိုးနာရီဆို ကိုးနာရီရောက်တယ်။ ဒါပီးရမယ်ဆို ပီးတယ်။ ဘယ်လိုပီးလဲဆိုတော့ ပီးတယ်ဆိုရုံ ဖြစ်တယ်ဆိုရုံ။ ဒီလိုဓလေ့မျိုးနဲ့သွားရင် ရေရှည်မစဉ်မပြေနိုင်ဘူး။
တတိယအဖွဲ့အစည်းမှာ ရှိတဲ့ လူတွေရဲ့ ဓလေ့စရိုက်ကတော့ စိတ်ပါလက်ပါနဲ့လုပ်တယ်။ Commitment Culture ပါ။ သူတို့တတွေက အင်တိုက်အားတိုက်လုပ်တယ်။ စိတ်ပါလက်ပါနဲ့ မငြီးမငြူနဲ့ အလုပ်ကို လုပ်ဆောင်တယ်။ တာဝန်သိတက်တယ်။ ဖင်ပေါ့တယ်။ ကြိုးစားတယ်။ တက်ကြွတယ်။ ယုံကြည်ကိုးစားရတယ်။ြေ ပာလို့ဆိုလို့ ခိုင်းလို့ရတယ်။ တက်နေတဲ့ ပြသနာက စွမ်းရည်မပြည့်တဲ့အတွက် အရည်အသွေးက ရာနှူန်းပြည့်အားမရဘူး။ အခြားလုပ်ငန်းတွေနဲ့ နင်လား၊ ငါလား မယှဉ်ပြိုင်နိုင်ဘူး။ လုပ်ငန်းမကျွမ်းကျင်တော့ ခရီးမတွင်ဘူး။ လမ်းမဖြောင့်ဘူး။ ရှေ့မရောက်ဘူး။
နောက်တစ်ခုကတော့ Competitive Culture ပါ။ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့လုပ်ငန်းတစ်ခုရဲ့ ဓလေ့လေးတစ်ခုပါ။ ကိုယ့်လူတွေက အင်တိုက်အားတိုက်ဆောင်ရွက်နိုင်တယ်။ ကြိုးစားကြတယ်။ ပြိုင်ဖက်ကို ယှဉ်ပြိုင်အနိုင်ရနိုင်တဲ့ ဓလေးတစ်ခုဖြစ်တည်နေတဲ့ အဖွဲ့အစည်းလေးပါ။
ကျနော်တို့ အဖွဲ့အစည်းထဲက လူတွေနဲ့ သူတို့ရဲ့ ဓလေ့စရိုက်ကိုပဲ ဆွေးနွေးနေမိတယ်။ အဲဒီဓလေ့စရိုက်တွေကို ဘယ်အရာတွေက လွှမ်းမိုးသလဲဆိုတာ ဆွေးနွေးဖို့ လိုပါအုံးမယ်။
အဖွဲ့အစည်းရဲ့ ဓလေ့ကို ပုံဖေါ်နိုင်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။
နံပါတ် ၁ ကတော့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ ဦးတည်ချက်လမ်းစဉ်ပါ။ ဒါက အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ပုံတွေကို ပြုမူပုံတွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် အဖွဲ့အစည်းမှာ ရပ်တည်ချက်ဆောင်ပုဒ်တွေကို လူတိုင်းသိရှိ နားလည် လိုက်နာနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ချက်က အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတွေရဲ့ စွဲမြဲနေတဲ့ အကျင့်စရိုက်အပြုအမူလေးပါ။ ရပ်တည်ချက်တွေ ဘယ်လိုပဲရေးထားရေးထား။ မလိုက်နာဘဲ ဟန်ပြသက်သက်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေမှာ အကျင့်ဆိုးတွေ ကူးဆက်နိုင်ပါတယ်။ ဆောင်ပုဒ်က ဟန်ပြသက်သက်ပဲ။
နောက်တစ်ခုက အဖွဲ့အစည်းရဲ့ ဖွဲ့စည်းထားပုံနဲ့ ခေါင်းဆောင်ရဲ့ အုပ်ချုပ်တဲ့ပုံစံတို့ပဲဖြစ်ပါတယ်။ ဒီအချက်တွေပေါ်အခြေခံပြီး အဖွဲ့အစည်းကို (၁) အမေ့ခံ၊ (၂) နောက်ကျန် (၃) လက်တွေ့ဆန်နဲ့ (၄) လက်ဦးနေတဲ့အဖွဲ့အစည်းဆိုပြီး နာမည်ပေးချင်ပါတယ်။
အမေ့ခံအဖွဲ့အစည်းများ။
အဖွဲ့အစည်းတွေအနေနဲ့လည်း ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေကို တောင်းဆိုချက်တွေကို လစ်လှူရှုပြီး ငါတကောကောနေတဲ့အဖွဲ့အစည်းတွေရှိနေနိုင်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို Passive လို့အမည်ပေးနိုင်ပါတယ်။ လစ်လျူရှုနေတဲ့လုပ်ငန်းတွေမဖြစ်ဖို့အရေးကြီးပါတယ်။
နောက်ကျန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်နဲ့ စားသုံးသူတွေရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို အချိန်ကြာမှ ဖြည့်စည်းပေးတဲ့ အဖွဲ့အစည်းတွေကို Reactive လို့ အမည်ပေး ကင်ပွန်းတက်ချင်ပါတယ်။ ဘာလုပ်လုပ် နောက်ကပဲ၊ နောက်ကျမြဲပါ။ ဒီအဖွဲ့အစည်းတွေလဲ သင်္ချိုင်းခြေတစ်လှမ်းနင်းနေတဲ့လို့ တင်စားရင် လွန်မယ်မထင်ပါဘူး။
လက်တွေ့ဆန်အဖွဲ့အစည်းများ။
နောက်တစ်ခုကတော့ အချိန်နဲ့တပြေးညီ တုံ့ပြန်နေတဲ့အဖွဲ့အစည်းတွေပါ။ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်ကို မျက်ခြေအပြတ်မခံဘူး။ စားသုံးသူတွေရဲ့ လိုအပ်ချက်ကို နေ့မဆိုင်း ညမဆိုင်းဖြည့်စည်းပေးနေတယ်။ ပြိုင်ဖက်တွေရဲ့ ထိုးနှက်ချက်တွေကို အချိန်ပြည့် မျက်စေ့ဒေါက်ထောက်ကြည့်နေတယ်။ လက်တွေ့ဆန်တယ်။ လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလို့ဆိုချင်ပါတယ်။ Experiential အဖွဲ့အစည်းတွေပါ။
လက်ဦးနေတဲ့အဖွဲ့အစည်းများ
နောက်ဆုံးတစ်ခုကတော့ တင်ကြိုနေတဲ့အဖွဲ့အစည်းတွေပါပဲ။ အမြဲရှေ့ကနေတယ်။ စားသုံးသူရဲ့ လိုအပ်ချက်တွေကို လေ့လာစူးစမ်းဖေါ်ထုတ်ဖို့ ကြိုးစားရင်း ပြောင်းလဲမှုကို ဦးဆောင်နေတယ်။
သင်ဘယ်ရောက်နေလဲ။ သင့်အဖွဲ့အစည်းဘယ်ရောက်နေလဲ။ ဒါတွေကို ဆန်းစစ်နိုင်မှ ပြင်ဆင် ပြောင်းလဲ ကျိုးစားနိုင်မှ ကမ္ဘာ့အဆင့်မီတက်လှမ်းနိုင်မှာဖြစ်ပါတယ်။

No comments:
Post a Comment