ဆရာတွေအတွက် ကျောင်းသားတွေဟာ စားသုံးသူလား တပည့်လား
စားသုံးသူ အမြဲတမ်းမှန်
တပည့်ဆိုရင် နောင်မမှားအောင် ရိုက်နှက်ဆုံးမ
အလယ်အလတ်လမ်း
စားသုံးသူဆိုတာ မှန်သလို တပည့်ဆိုတာလည်းမမှားပါဘူး
တဖက်စွန်းရောက်ရင် ပြသနာတက်နိုင်ပါတယ်
အသားနာမှ မှတ်မှာမဟုတ်ပါဘူး
တခြားနည်းလမ်းတွေ စဉ်းစား ဒဏ်ခတ်ရပါ့မယ်
စားသုံးသူအမြဲမှန်သမို့ ကျောင်းသားအမြဲမှန်တယ်လို့ တထစ်ချယူဆထားရင်လည်း မှားပါလိမ့်မယ်
ငွေလည်းရှာရမယ်
စေတနာလည်းထားရမယ်
ဆရာတွေ ငွေမရှာနိုင်ရင် ပရုပ်လုံးဖြစ်သွားမယ်
မီးဇာကုန် ရေခမ်းသွားမယ်
မိရိုးဖလာထဲက ကောင်းမွန်တဲ့ ဓလေ့တွေကို လက်ဆင့်ကမ်းသွားကြရမယ်
စာသင်ကြားခြင်းဟာ ဝန်ဆောင်မှုတစ်ခုဖြစ်လို့ ဝန်ဆောင်စရိုက်တွေကို နားလည်လက်ခံရပါမယ်
ကျောင်းသားရဲ့ ပါဝင်ဆွေးနွေးမှု အဆင်သင့်ဖြစ်နေမှုတွေဟာ အရေးကြီးတဲ့ နေရာကနေပါဝင်လာပါပြီ
ကျောင်းသားဗဟိုပြုစနစ်ဆိုတာတွေ ထွက်ပေါ်လာပါပြီ
ဆရာစိတ်ကြိုက်မဟုတ်ဘဲ ကျောင်းသားစိတ်ကြိုက်ဖြစ်လာပါပြီ
အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသားရှိသလို အဆင်သင့်မဖြစ်သေးတဲ့သူတွေလည်းရှိနိုင်ပါတယ်
ဒီလိုပါပဲ စာသင်ကြားနေတဲ့ဆရာတွေမှာလည်း တလမ်းသွားစနစ်တွေနဲ့ အသားကျနေတဲ့ဆရာတွေလည်းရှိနေနိုင်ပါတယ်
ဆရာ အဆင်သင့် မသင့်
ကျောင်းသား အဆင်သင့် မသင့်
ယူအာရယ်ဒီ
ပီတိ
No comments:
Post a Comment