စီးပွားရေးဆောင်ရွက်ရာမှာ
ချမှတ်ကျင့်သုံးကြတဲ့
မူဝါဒတွေ ရှိပါတယ်။
ပထမတော့ များများထုတ်နိုင်မှဖြစ်မယ်။ ကုန်ကျစားရိတ်သက်သာရမယ်။ နေရာအနှံရောင်းရမယ်ဆိုတဲ့
အချက်တွေကို ဆွဲကိုင်ပြီး (1) Production
Orientation ထုတ်လုပ်မှုဦးစားပေးမူဝါဒကို ကျင့်သုံးခဲ့ကြတယ်။
နောက်တော့ ထုတ်လုပ်မှု့ကနေ (2) Product Orientation ထုတ်ကုန်ဦးစားပေး မူဝါဒကို ပြောင်းလဲကျင့်သုံးလာကြတယ်။ စေျးပေါပေါနဲ့ အရေအတွက် များများထုတ်လုပ်နေမဲ့အစား (များများရောင်းပြီး အမြတ်ပါးပါးယူမဲ့အစား) နည်းနည်းနဲ့ကောင်ကောင်းရောင်းမယ်။ ဈေးကြီးကြီးတင်ထားတဲ့မူဝါဒကို ပြောင်းလဲ ကျင့်သုံးလာကြတယ်။ အရည်အသွေးကောင်းရင် တက်နိုင်တဲ့လူတွေ ဈေးကြီးကြီးပေးဝယ်မယ်ဆိုတဲ့ အယူအဆနဲ့ စီးပွားရေးကို လုပ်ကိုင်ကြတယ်။
နောက်တော့ ဈေးပဲပေါပေါ။ အရည်အသွေးကောင်းပြီး ဈေးပဲကြီးကြီး ရောင်းနိုင်မှရမယ်ဆိုပြီး အရောင်းသမားတွေကို တွန်းတွန်းတိုက်တိုက်ရောင်းခိုင်းတဲ့အယူအဆကို (၃) Sales Orientation အရောင်းဦးစားပေးမူဝါဒအဖြစ် သတ်မှတ်ကြတယ်။ ရောင်းနိုင်မှ ဖြစ်မယ်ပေါ့။
နောက်ဆုံးအယူအဆတစ်ခုနဲ့ ခေတ်စားနေတဲ့ စီးပွားရေးအယူအဆတစ်ခုကတော့ ကိုယ့်ဖက်က မကြည့်ဘဲ စားသုံးသူဦးစားပေးမူဝါဒကိုကျင့်သုံးတဲ့ (4) Marketing Orientation ဈေးကွက်ဖေါ်ဆောင်ရေး အယူအဆပဲဖြစ်ပါတယ်။ ဘယ်လောက်ပေါပေါ။ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို ဘယ်လောက်တိုက်တွန်းတွန်း ကိုယ့်အကြိုက်မတွေတဲ့ ပစ္စည်းဆိုရင် ၀ယ်မှာမဟုတ်ဘူး။ အစဉ်မပြေဘူး။ ဒါကြောင့် စားသုံးသူမကြိုက်တဲ့ ကုန်ပစ္စည်းဟာ သက်ဆိုးမရှည်ဘူး။ ကြာရှည်မအောင်မြင်နိုင်ဘူး။ စားသုံးသူလဲ ကြိုက်ရမယ်။ ရောင်းတဲ့သူလဲ မြတ်စွန်းရမယ် ဆိုတဲ့ အယူအဆကို ကိုင်ဆွဲထားတဲ့ ဈေးကွက်ဖေါ်ဆောင်ရေးဟာ စီးပွားရေးသမားတွေရဲ့ လက်သုံးစကားဖြစ်လာတယ်။ နုတ်က မချ နုတ်တိုက်ရွရွ ရွက်ဆိုကြတဲ့ ဂါထာတစ်ခုနီးနီး ဖြစ်လာရတယ်။ ခါတော်မီ ဌာနတွေ၊ မန်နေဂျာတွေ ရာထူးတွေနဲ့ တင်ဆက်လာကြတယ်။ ရှေ့ထွက်လာကြတယ်။
ဈေးကွက်ဖေါ်ဆောင်ရေးရဲ့ အကောင်အထည်ဖေါ်ရမဲ့ လက်နက်တွေကတော့ (ဆောင်ရွက်ချက်တွေကတော့) မှတ်သားရ လွယ်အောင် ပီလေးလုံးနဲ့ ကိုယ်စားပြု မှတ်သားခဲ့ကြပါတယ်။ ဒီပီလေးလုံးကတော့ (1) Product ကုန်ပစ္စည်း (2) Price ဈေးနှူန်း (3) Place ရောင်းချရာနေရာ (4) Promotion ရောင်းအားမြှင့်တင်ခြင်းတို့ပဲဖြစ်ပါတယ်။ အစမှာတော့ ဒီ ပီလေးလုံးက အောင်မြင်မှုတွေ ဆောင်ကြည်းပေးခဲ့ပါတယ်။
ဝန်ဆောင်မှုတွေကို ဈေးကွက်ဖေါ်ဆောင်ရာမှာတော့ ဒီပီလေးလုံးက အရင်လောက်လက်စွမ်းမပြနိုင်တော့ပါဘူး။ ဒါကြောင့် နောက်ထပ် ထပ်တိုး ပီသုံးလုံးနဲ့ ဆက်လက်အားဖြည့် ဆောင်ရွက်ကြပါတယ်။ နောက်တိုး ပီတွေကတော့ (5) People ၀န်ဆောင်မူပေးသူ (6) Process ဆောင်ရွက်မှု့ဖြစ်စဉ် (7) Physical evidence ရုပ်ဒြပ်သက်သေတို့ပဲဖြစ်ပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းတွေ (သို့) ၀န်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်အားထုတ်ရာမှာ ၀န်ဆောင်မှုပေးသူရဲ့ အခန်းဟာ အရေးကြီးလာပြီး အဆုံးအဖြတ် ဖြစ်လာပါတယ်။ ဆေးရုံတွေထက် ဆရာဝန်တွေကို အလေးထားကြသလိုဖြစ်ပါတယ်။ အောင်လက်မှတ်ခြင်းအတူတူ ဘယ်လိုနည်းနဲ့ရတဲ့ အောင်လက်မှတ် ဆိုတာကို ပိုဂရုစိုက် လာကြပါတယ်။ မြင်နိုင်တဲ့ မြင်ရတဲ့ အဆောက်အဦးတွေ၊ ၀တ်စားထားတဲ့ ရုံးဝတ်စုံတွေ၊ ခမ်းနားမှုတွေက ၀န်ဆောင်မှု့ရဲ့ မှတ်ကျောက်တွေဖြစ်လာပါတယ်။
အခုခေတ်မှာတော့ ပီ ခုနှစ်လုံးဆိုတာ မလုံလောက်တော့ပါဘူး။ ပီ ၁၀ လုံးဖြစ်သွားပါပြီ။ နောက်ထပ် P သုံးလုံးထပ်တိုးပါတယ်။ (8) Political Power (9) People Opinion and (10) Partners တို့ပဲဖြစ်ပါတယ်။
(၈) Political Power နိုင်ငံရေးအာဏာ (ချမှတ်ပြဌာန်းချက်တွေကို လိုက်နာရပါမယ်။) ဈေးကွက်ဖေါ်ဆောင်သူတွေ လေးစားလိုက်နာရမဲ့
စည်းမျဉ်းဥပဒေတွေကို လိုက်နာကြရပါမယ်။
(၉) Public Opinion လူထုအမြင် (ဆိုရှယ်မီဒီယာတွင်ကျယ်စွာ
သုံးစွဲနေတဲ့ခေတ်ကြီးမှာ လူထုရဲ့ သဘောထားမှတ်ချက်တွေကို အရင်ကထက်ပိုမို အလေးထားဖို့
လိုအပ်လာပါတယ်။ မဟုတ်ရင် နောက်ဆက်တွဲတွေကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။)
နောက်ဆုံးတစ်ခုကတော့ (၁၀) Partner လက်တွဲဖေါ် (ကိုယ်လုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေသူတွေကို
အလေးထားဆက်ဆံရပါမယ်။) အခုပြောပြခဲ့တဲ့ ပီ ၁၀ လုံးနဲ့ ကုမ္ဗဏီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ
ဈေးကွက်ဖေါ်ဆောင်ရေး ကိရိယာတွေဖြစ်တဲ့ အရောတွေကို မခ်တွေကို လိုအပ်သလိုရောစပ် သုံးဆွဲနိုင်ခဲ့ရင်
ပိုမိုအောင်မြင် ကောင်းမွန်တဲ့ လုပ်ငန်းတွေ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေဖြစ်လာနိုင်မှာ
ဖြစ်ပါတယ်။
Happy Marketing
No comments:
Post a Comment