Tuesday, July 21, 2015

ငလက်မနဲ့ ကိုလူသန် (A Big Fish in a small pond)

ဝန်ထမ်းနှစ်မျိုးပဲ ရှိတယ်ဆိုပါစို့။
မလုပ်တက်တဲ့သူနဲ့ လုပ်တက်တဲ့သူ။

လုပ်ငန်းတွေကလည်း နှစ်မျိုးပဲရှိမယ်။
လုပ်ငန်းကြီးတွေနဲ့လုပ်ငန်းသေးတွေ။

လူနဲ့ လုပ်ငန်းနဲ့ တွဲဖက်ညီမှ လိုက်လျောညီထွေဖြစ်မယ်။
အစဉ်ပြေမယ်။

ငလက်မလေးတွေနဲ့ လုပ်ငန်းငယ်လေးတွေ။
လူသန်ကြီးတွေနဲ့ လုပ်ငန်းကြီးတွေ။

အံမ၀င်ရင်
အမြင်မတော် ဆင်တော်နဲ့ ခလောက်ဖြစ်နေရင်
လူသန်ကြီးတွေက လုပ်ငန်းငယ်တွေထဲ ရောက်နေရင်
ကျဉ်းကြပ်တယ်။
မွန်းနေမယ်။
နေရထိုင်ရ အစဉ်မပြေဖြစ်နေမယ်။

လူဗလံလေးတွေ
လုပ်ငန်းကြီးတွေထဲရောက်နေရင်
ဝန်နဲ့အား မမျှဘဲဖြစ်နေမယ်လေ။
အစဉ်မပြေနိုင်ဘူး။

ပြသနာက
လုပ်ငန်းတွေမှာ
အနာဂါတ်အတွက် ကြီးမားတဲ့
ပြင်ဆင်မှုတွေ။ ကြံစည်မှုတွေ ရှိနေကြတယ်။
အကောင်အထည်ဖေါ်နေကြတယ်။

ဒီလိုပါပဲ
အလုပ်သင်တွေ၊
အလုပ်ဝင်ခါစတွေကလည်း
ရည်မှန်းချက်ကြီးကြီးမားမားထားပြီး
ကြိုးကြိုးစားစားဆောင်ရွက်ဖို့လိုပါတယ်။

မဟုတ်ရင် ..
လုပ်ငန်းသေးမှာ လူပုတက်လေးတွေကို အစဉ်ပြေခဲ့ပေမဲ့
သေးတဲ့လုပ်ငန်းကြီးလာတဲ့အခါမှာ လူညှပ်စိလေးတွေက မကြီးလာတဲ့အခါ။
မထွားလာတဲ့အခါ။
လမ်းခွဲကြရပါလိမ့်မယ်။


No comments:

Post a Comment