Why and which way
Continued to purchased or Patronage
၁. Emotional loyalty
2. Price loyalty
3. Incentivised loyalty
4. Monopoly loyalty
သစ္စာရှိတယ်လို့ ဒဲ့ဘာသာပြန်ကြပေမဲ့ ဆက်လက်ဝယ်ယူအားပေးတယ်ဆိုရင် ပိုမှန်ပါမယ်။
ဘာကြောင့် အမှတ်တံဆိပ်တစ်ခုကို ဆွဲဆွဲမြဲမြဲဆက်လက်ဝယ်ယူအားပေးနေကြသလဲဆိုတော့
အကြောင်းတစ်ခုတော့ရှိပါမယ်။
အမျိုးအစားလေးခုရှိတယ်လို့ အကြမ်းဖျဉ်းမှတ်သားမိပါတယ်။
၁။ ဈေးကွက်ရဲ့ ဖွဲ့စည်းပုံကြောင့် ဈေးကွက်မှာ ပြိုင်ဆိုင်မှူကင်းလို့ (မိုနိုပိုလီ တစ်ဦးတစ်ယောက်တည်းရှိလို့) ဆက်လက်ဝယ်ယူအားပေးနေခြင်း
၂။ အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှု့ကြောင့်
- ဈေးနှူန်းသက်သာလို့
- ကြေငြာ (သို့) မက်လုံးများကြောင့် ဆက်လက်ဝယ်ယူအားပေးနေခြင်း။
၎။ ၀ယ်ယူစားသုံးသူအကြိုက်တွေခြင်း။
- စိတ်ခံစားချက်ကြောင့် ဆက်လက်ဝယ်ယူအားပေးနေခြင်း
(က) ပြိုင်ဖက်လုပ်ငန်းများထက် ပိုမိုကောင်းမွန်ခြင်း။
(ခ) ၀န်ဆောင်မှု ကောင်းမွန်ခြင်း
(ဂ) နည်းပညာအရသာလွန်ခြင်း
(ယ) ၀န်ဆောင်မှု့ပေးသူကို သဘောကျခြင်း
(င) အမှတ်တံဆိပ်ကို သဘောကျခြင်း
(စ) မိမိလိုအပ်ချက်နှင့် ကိုက်ညီခြင်း။
(ဆ) မိမိ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ကိုက်ညီခြင်းတို့ပဲဖြစ်ပါတယ်။
အရင်ထက်စာရင် အခုခေတ်မှာတော့ စားသုံးသူတွေက သစ္စာမရှိကြတော့ပါဘူး။ အမှတ်တံဆိပ်တစ်ခုတည်းကို စွဲစွဲမြဲမြဲအားပေးခြင်းဟာ လျော့နည်းလာပါပြီ။
ပြိုင်ဆိုင်မှုများလာခြင်းနဲ့
စားသုံးသူများရဲ့ အကြိုက်ပြောင်းလဲလာခြင်း၊
နည်းပညာများတိုးတက်လာခြင်းတို့က စားသုံးသူများ အမှတ်တံဆိပ်တစ်ခုကို နှစ်နှစ်ကာကာဝယ်ယူအားပေးမှုနည်းလာတာကို တွေ့ရပါမယ်။
တပြိုင်နက်တည်း ကမ္ဘာ့အမှတ်တံဆိပ်များရဲ့ အရှိန်အ၀ါကလည်း တဟုန်တိုးတိုးတက်လာတာကို တွေ့ရပါတယ်။
ဒါကြောင့် CRM နဲ့ Branding တို့က ပိုမိုအရေးပါလာကြပါတယ်။
အမှတ်တံဆိပ်တစ်ခုကို စွဲစွဲမြဲမြဲအားပေးခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သူ့ထက်ပိုမိုကောင်းမွန်တဲ့ သူ (လုပ်ငန်း၊ အမှတ်တံဆိပ်မပေါ်လာသေးလို့ဖြစ်ပါတယ်။) ဒါကြောင့် အရင်ထက် ပိုမိုကောင်းမွန်အောင် ပြိုင်ဖက်များထက် ပိုမိုသာလွန်နေအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်နေကြရမှာ ဖြစ်ပါတယ်။

No comments:
Post a Comment