Why Marketing.....or the progression of Marketing
The progression of Marketing
(1) Exploiter
(2) Educator
(3) Partner
ဈေးကွက်ဖေါ်ဆောင်ရေးကို ဘယ်လိုသုံးနေကြလဲ။
တချို့က ကြော်အောင်ငြာတယ်။ ရိုက်တယ်။ မှန်ကန်ဖို့ထက် ရောင်းကောင်းဖို့ပဲ စဉ်းစားတယ်။
စကားလုံးတွေနဲ့ စွဲဆောင်တယ်။ စည်းရုံးတယ်။
ပုံ (၁) ကို ကြည့်ပါ။
တချို့က သင်ပေးတယ်။
စားသုံးသူတွေ ၀ယ်ယူသူတွေက အချက်အလက်တွေနဲ့ သုံးစွဲပုံတွေကို မှန်မှန်ကန်ကန် အသုံးပြုတက်လာအောင်။
ဈေးကွက်ဖေါ်ဆောင်ရေးက လိုအပ်တဲ့ အချက်အလက်တွေကို ပံပိုးပေးတယ်။
ပုံ (၂) ကို ကြည့်ပါ။
တချို့ကြတော့ စားသုံးသူရဲ့ အခန်းကို အလေးထားလာတယ်။
နားထောင်လာတယ်။
စားသုံးသူရဲ့ အကြံဥာဏ်ကို ရယူပြီး ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ ကုန်စည်တွေကို ထုတ်တယ်။
အမှန်တော့ ဈေးကွက်ဖေါ်ဆောင်ရေးဆိုတာ အစက
အသုံးချသူတွေအဖြစ်မြင်ကြတယ်။
နောက်တော့ လိုအပ်တဲ့ သတင်းအချက်တွေကို ဖြည့်ပေးတဲ့သူတွေလို့ မြင်တယ်။ နောက်ဆုံးမတော့ လက်တွဲဖေါ်တွေလို့ မြင်လာကြပါပြီ။
သင်တို့ကော ဘယ်လို ဈေးကွက်ဖေါ်ဆောင်သူတွေနဲ့ တွေ့နေကြပြီလဲ။
ကြော်အာင်ငြာနေတဲ့သူတွေကို လက်မခံကြဖို့လိုပါမယ်။
ဈေးကွက်ဖေါ်ဆောင်ရေးနဲ့ ပတ်သတ်တဲ့ ကျင့်ဝတ်တွေ ချမှတ်ကြဖို့။ လိုက်နာကြဖို့ လိုပါမယ်။
No comments:
Post a Comment