Tuesday, July 21, 2015

အနိမ့်ဆုံးလုပ်ခလစာ

အနိမ့်ဆုံး လုပ်ခလစာ

၂၆၀၀ လား ၃၅၀၀ လား ၄၀၀၀ လား။
တောင်းဆိုတဲ့သူတွေကလည်း တောင်းဆိုကြတယ်။
ဒါတောင်နည်းသေးတယ်ပေါ့။

များတယ်ဆိုတဲ့ သူကလည်း များတယ်။
မကိုက်ဘူးလို့ဆိုတယ် သူကလည်းဆိုကြတယ်။
ဒီနှူန်းဆိုရင် ရုံခါပြီး ပြန်မယ်ဆိုတဲ့သူကလည်းရှိတယ်။

မရဘူး။
ညှိကြ။
ညှိကြ။
ပမာဏတစ်ခုသတ်မှတ်ကြဆိုတာလည်းရှိမယ်။

ပွဲကြီးပွဲကောင်းထိုင်စောင့်နေတဲ့သူကလည်းရှိမယ်။

ကဲငွေကြေးပမာဏ မသတ်မှတ်ခင်
(၁) ကုန်ဈေးနှူန်းနဲ့ ငွေဈေးထိန်းဖို့ကိုလည်း ထည့်စဉ်းစားရမယ်။
(၂) စွမ်းဆောင်ရည်မရှိဘူးလို့ ပြောပြီး ဈေးနှိမ်ခံရတာကိုလည်း ထည့်စဉ်းစားရမယ်။
(၃) စီအမ်ပီစနစ်ဖြစ်လို့ ချုပ်ခနည်းတာကိုလည်း ထည်စဉ်းစားရမယ်။
(၄) မီးမရလို့၊ မြေခဈေးကြီးလို့ ပို့ကုန်အဖြစ်မရလို့ဆိုတာကိုလည်း ထည့်စဉ်းစားရမယ်။

ဒီတော့အရင်ဆုံးအလွယ်ဆုံးတွေနဲ့ စရမှာ။
စွမ်းဆောင်ရည့်မြှင့်ပေးဖို့လိုပါမယ်။
နှူန်းသာတိုးတောင်းတာ။ ညှိခိုင်တာ။
စွမ်းရည်မြှင့်ပေးဖို့မေ့နေကြတယ်။
တက်ရောက်သင့်တဲ့ ရှိထားသင့်တဲ့ ဘာသာရပ်တွေကို အလွယ်တကူသင်ကြားနိုင်အောင်
စီစဉ်ပေးနိုင်ဖို့လိုပါတယ်။

မြေခတွေကို သက်သာအောင် စက်မှုဇုံတွေမှာ အမှန်တကယ်အလုပ်လုပ်သူတွေအတွက် အစဉ်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသင့်ပါတယ်။
အခွင့်အရေးတွေရအောင် တိုက်တွန်းသင့်ပါတယ်။
ယိုးဒယားက အထည်ချုပ်တွေကို အထူးအခွင့်အရေးတွေပေးနေသလို
ကိုယ့်နိုင်ငံကို အခွင့်အရေးတွေပိုရအောင် ကြိုးစားတိုက်တွန်းသင့်ပါတယ်။

No comments:

Post a Comment